Saturday, June 23, 2007

ရေတံခွန်တောင်၂

ရေတံခွန်တောင်ကိုသွားချင်တဲ့ မန္တလေးကသူငယ်ချင်းတွေကို
ဒီ blog ကနေပြောရဦးမယ်...ရေတံခွန်တောင်သွားရင် ချွေးသုတ်ဖို့
တဘက်နဲ့ ၊ အမောပြေ နားထောင်ဖို့ mp3 လေးတော့ယူသွားကြပါလို့..........















မောတယ် ပန်းတယ် စိတ်မှာမထားပဲ ဓာတ်ပုံရိုက်ခံရမှာမို့
ပြုံးနေတဲ့ သူငယ်ချင်းနှစ်ယောက်


ဒီနေရာကတော့ တောင်တက်လမ်းရဲ့ တော်တော်မြင့်မြင့်
တက်ရတဲ့နေရာတခုပေါ့ တက်လမ်းတွေက ခဏတက်လိုက်
မြေပြန့်ရောက်လိုက် ၊
ခဏတက်လိုက် မြေပြန့်ရောက်လိုက် နဲ့
ူဒီနေရာကတော့ တော်တော်နဲ့ ကိုမြေပြန့် ကိုမရောက်နိုင်ဘူး
အတက်လမ်းလည်းရှည်တယ်......ဒီနေရာရဲ့ရှုခင်းကတော့တော်တော်လှတယ်
















အိုင်တင် ထုတ်နေတဲ့ သူငယ်ချင်းနှစ်ယောက်

ရေတံခွန်တောင်သွားတဲ့ လမ်းတလျှောက်မှာ နားနေ စရာနေရာ
မရှိဘူး....ရေတံခွန်ငယ်လေးတွေတော့ ရှိတယ်...
တော်တော်သွားလို့ သုံးချိုး နှစ်ချိုးလောက်ရောက်မှ
နားနေဆောင်တဲ အိမ်လေးကိုတွေ့တယ်.....သူတို့ကလည်းဆိုင်
သတ်သတ်ဖွင့် ထားတာမဟုတ်ပဲ အိမ်နဲ့ တွဲနေတယ်.....
အစားအသောက်ကသိပ်တော့ မစုံပင်မဲ့ ရှိသင့်သလောက်တော့ရှိရှာတယ်
ဈေးဝယ်တာလဲ တောင်အောက်ကိုဆင်းဝယ်တယ်တဲ့
ရေတံခွန်တောင်ကို အလည်လာတဲ့ သူတောင် တော်ရုံတန်ရုံတက်ရတာ
မဟုတ်ဘူးတော်တော်မောတာ......သူတို့ ကတော့ တောင်ပေါ်နဲ့တောင်အောက်ကို
ကူးချည်သန်းချည်လုပ်နေကြတယ်.....ဒါကြောင့် .. practice makes perfect ဆိုတာ
တော်တော်မှန်တယ်နော်....ထင်းတွေကိုလဲ တောင်ပေါ်ကနေတောင်အောက်ကို
သယ်ပြီးရောင်းကြတယ်........















ရေတံခွန်တောင်ပေါ်က ဟင်္သာဂူထဲ မှာအမှတ်တရ

ဒီနေရာက ရေတံခွန်တောင်ပေါ်က ဟင်္သာဂူထဲ ကိုဝင်တဲ့
အ၀င်ဝ နေရာလေးပါ။တောင်ပေါ်မှာ မှနောက်ထပ်ဂူရှိသေးတာ
တော်တော်ထူးဆန်းတယ်...အဲဒီဂူကတော်တော်ကလေးနက်တယ်
အဲဒီဂူထဲ မှာပဲ နောက်ထပ် လူတကိုယ်စာပဲဂူငယ်လေးရှိသေးတယ်
ကိုယ်ပိုင်ဓာတ်မီးလေးနဲ့ ၀င်ရတယ်...အဲဒီဂူထဲ မှာဘုရားလေးတွေ
ရှိတယ်လို့ ၀င်ကြည့် တဲ့သူငယ်ချင်းနှစ်ယောက်ကပြောတယ်....
ကိုယ်တိုင်တော့ ၀င်မကြည့် ခဲ့ပါဘူး....မှောင်တာကို ကြောက်လို့လေ....

No comments: