နို့ဘူးစို့တဲ့လသားအရွယ်ဆင်လိမ္မာလေး
ငယ်သေးလို ကြံ မကျွေးရသေးပဲ ငှက်ပျောသီးပဲစားနိုင်သေးတယ်......
ချစ်စရာလည်းကောင်း၊ ပျင်းလည်းပျင်းတဲ့ ၀က်ဝံလေးများ
ဝက်ဝံလေးတွေစုစုပေါင်း ငါးကောင်လောက်ရှိမယ်ထင်တယ်....
အားလုံးက ၀တုတ်ကလေးတွေ...အရမ်းချစ်ဖို့ကောင်းပြီးသနားဖို့လည်းကောင်းတယ်...
ကျွမ်းထိုးတာလည်း ခဏခဏပဲ.....သူတို့ကငှက်ပျောသီးစားတယ်....
ငှက်ပျောသီးကလည်းအရမ်းဈေးကြီးတယ်။သုံးလုံးလောက်ပဲပါတဲ့တခြင်းကို
၅၀၀ တဲ့။သူတိုမှာမ၀ကြရှာဘူး.......
ဝက်ဝံလေးတွေက ငှက်ပျောသီး ကိုမတ်တပ်ရပ်ပြီးယူရရှာတာ....
လက်နှစ်ဖက်နဲ့လူလေးဆုယူနေ တာကြနေတာပဲ။
သံတိုင်တွေကလူတွေရပ်ကြည့်တဲ့နေရာနဲ့ဝေးနေလို့
ငှက်ပျောသီးကိုဒုတ်နဲ့ ထိုးပြီးကျွေးရတယ်.....
အစာမျှော်နေတဲ့ဝက်ဝံလေး

No comments:
Post a Comment