Monday, July 30, 2007

မမေ့ချင်ဘူး

သတိမရအောင်ဘယ်လို နေရမလဲ
လူတယောက် ကိုသတိရတယ်ဆိုတာ အလွန်ပင်ပန်းပါလားဆိုတာ
သိထားတာကြာခဲ့ ပင်မဲ့ သေသွားတဲ့ သူတယောက်ကိုဘယ်လိုဖြေသိမ့်
ပြီးမေ့ ရမယ်ဆိုတာ ကျမ ဘယ်သူ့ကိုမှမမေးချင်ဘူး....သူ့ကိုမမေ့ပဲနေရတာ
သူ့ကိုကျမစိတ်ထဲ မှာထားရတာကိုပဲ ကျေနပ်နေမိတယ်

တရား မရှိဘူးတဲ့လား

သူမရှိတဲ့ နောက်မှာ ကျမဘာ ကိုမှ စိတ်မ၀င်စားပဲ တနေကုန်မှိုင်တွေနေမိတယ်..
သူမရှိတော့ ဘူးဆိုတာ ကို ကျမ ယုံကြည်လို့ မရနိုင်ဘူး....ကျမကိုနောက်နေတယ်
လို့ ပဲထင်မိတယ်.......ခုချိန်ထိလဲ အိမ်မက်ဖြစ်ပါစေလို့ ဆုတောင်းမိတယ်.............
ဒါပေမဲ့ ကျမဆုတောင်းကိုကြားတဲ့သူတိုင်း ကျမကို ရှုံ့ ချကြတယ်....သူတို့ကိုတော့
အပြစ်မယူပါဘူး....မကြုံဘူးသေးဘူးကို.......ဒါပေမဲ့ မေမေ ပြောတဲ့ စကားတွေကတော့
ကျမ တကယ် စိတ်ညစ်မိတယ်.....မေမေက.....အစားထိုးမရတဲ့ မိဘ မှမဟုတ်တာတဲ့၊
တရားမရှိဘူးတဲ့......သြော်...မေမေ တကယ်ပြောရက်တယ်...ကျမအတွက်တော့သူက
အစားထိုးမရသူ တယောက်ပါ....သည်းခံစိတ် နဲ့ ကျမကို လိုလေစိတ်မရှိထားခဲ့တယ်
နောက်ဆုံးတော့ လည်းသူ့ကို ရှာလို့ မရတဲ့ နေရာကိုထွက်သွားခဲ့တယ်................

Friday, July 27, 2007

အတွင်းရန်သူ

တရားခွေတွေနားထောင်ပြီးအသိတွေတိုးလာပြီးအရင်လောက်ကျမ
မဆိုးတော့ဘူးလို့ ပြောလို့ရလာပြီပေါ့.....တနေကုန်မျက်စိနှစ်လုံးပွင့်
တာနဲ့ တရားခွေဖွင့်ပြီးတရားနာခဲ့တယ်...အိမ်မှာရှိတဲ့တရားခွေ 50ကျော်
အကုန်နားထောင်ပြီးသွားပြီ....

တနေ့ ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်)
ဟောတဲ့တရားတော်ထဲမှာ....ရာတော်က မနာလိုခြင်း နဲ့ ၀န်တိုခြင်းရှိတဲ့
သူတွေဟာ အပါယ်ကျတတ်ပုံ၊ အင်မတန်ရွံစရာကောင်းတဲ့ မစင်တွင်းထဲမှာ
နေရပုံကို နာလိုက်ရတော့ အရမ်းကိုကြောက်စရာကောင်းပါလားဆိုပြီးအံ့သြမိတယ်...
အဲလို
မနာလိုခြင်း နဲ့ ၀န်တိုခြင်းစိတ်ရှိတဲ့သူတွေက မိမိစိတ်ထဲ မှာအတွင်းရန်သူကိန်းအောင်း
နေသူပဲတဲ့.....လူအများကြား ၊အဖွဲ့အစည်းကြား အလုပ်ခွင်တွေကြား မှာဖြစ်တတ်တာကိုဆရာတော်
ဘုရားကသေခြာဟောပြထားတယ်.....ကြက်၊ဘဲ မွေးထားတာမှ စားရသေးတယ် တဲ့၊ မနာလိုခြင်းနဲ့
ဝန်တိုခြင်းကို မိမိစိတ်ထဲမှာမွေးထားတဲ့သူကတော့ ဘာအကျိုးအမြတ်မှမရ အပါယ်တာလားတတ်တယ်
တဲ့......အော်ကျမစိတ်ထဲမှာတော့ မသိတဲ့သူတွေမှားကြတော့မှာပဲဆိုပြီးစိုးရိမ်မိပါသေးတယ်............


တရားကပေးတဲ့ အသိ-၁

တနေ့ သူငယ်ချင်းတယောက်ရဲ့ အိမ်ကိုသွားတော့ သူငယ်ချင်းက
နင်စိတ်ညစ်နေရင်တရားခွေနားထောင်ပါလားဆိုပြီး တရားခွေတွေ
အများကြီးပေးလိုက်တယ်..အဲဒီမှာတရားခွေနား
ထောင်ရင်း အသိတွေတခုပြီး တခု ထပ် ထပ်
ရလာခဲ့တယ်....တရားဆို၇င်ဝေလာဝေးနေခဲ့တဲ့ကျမ
အခုတော့ သူ့ကိုသတိရ ချိန်တိုင်းတရားနဲ့ ဖြေနေခဲ့ ရပြီ..ဒါတွေကို သာ သူသိနိုင်မယ်
ဆိုရင် လိမ္မာနေတဲ့ ကျမ ကို သူကျေနပ်နိုင်မယ်ထင်တယ်လေ........

သေခြင်းတရား နဲ့ သံဝေဂ တရား

သူ နဲ့ ကျမ တယောက်ကို တယောက် အမြဲ နားလည်းပြီး
ပျော်ရွှင်စွာနေ ခဲ့ကြပြီး လောက ကြီးကို မေ့နေခဲ့ တယ်...အဲဒီအချိန်မှာ
သေခြင်းတရား က ကျွန်မတို့ နှစ်ယောက်ကိုခွဲ ခဲ့တယ်...
ကျမတို့ နှစ်ယောက် ကို ခွဲနိုင်တာလဲ သေခြင်းတရား ကလွဲ ပြီး ဘာမှမရှိနိုင်ဘူးလေ..
ဒါပေမဲ့ ကျမရဲ့ စိတ်ကတော့ သူနဲ့ အတူပါ သွားခဲ ပြီလေ...

ကျမ သူ့ကိုသတိရတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင် ဘဲတနေကုန်စိတ်ဆင်းရဲ နေခဲ့တယ်
နောက်ဆုံးတော့ ကျမစိတ်ထဲ မှာ တ၇ား နဲ့ ဖြေ တွေးခဲ့ တယ်...အော် ငါတို့ ဘယ်လောက်
ချစ်ခဲ့ ချစ်ခဲ့ နောက်ဆုံးတော့ လဲ ခွဲရတာပဲ လို့.....ဆရာတော်အရှင်ဆန္ဒာဓိက ဆုံးမခဲ့ဘူးသလို
ပဲ အတွဲဆိုတာ အခွဲရဲ့လမ်းစပဲဆိုတာ တကယ်ကြုံလိုက်တဲ့အခါ သိလိုက်ရတယ်........


ဝမ်းနည်းခြင်းမှတ်တမ်း (သို့) 7.7.2007

လူတိုင်း လူတိုင်းမှာ စိတ်ညစ်စရာ ၀မ်းနည်းစရာတွေရှိကြတယ်.....

ကျမ ဘ၀ မှာလည်းငယ်ငယ်ကတည်းက မိဘ တွေရဲ့ အရိပ်အောက် မှာ
စိတ်ချမ်းသာစွာနေခဲ့ ရတယ်....ဒါပေမယ်. ကျမဘ၀ရဲ့ ၀မ်းနည်းစရာအကောင်းဆုံး
အချိန်ကို ရောက်ခဲ့ ရပြီ.......7.7.2007 နေ့မှာအချစ်ဆုံးသူ တယောက်လူ့လောကကြီးထဲ
ကနေ ထွက်ခွာသွားပြီဆိုတဲ့ မထင်မှတ်တဲ့ သတင်းကြောင့် ကျမ အဲဒီသတင်းကို
ကြားကြားချင်းအ ရုပ်ကျိုးပြတ် မတတ် ခံစားခဲ့ရတယ်.......သူက ကျမကို ပြန်လာမယ်
ပြောခဲ့ ပင်မဲ့ ဘယ်တော့ မှသူ့ကို မတွေ့ နိုင်တော့ တဲ့နေရာကို နှုတ်မဆက်ပဲ ထွက်သွားခဲ့ ပြီ။

Tuesday, June 26, 2007

ကာတွန်းများ မှ ပေးတဲ့အသိ/အပြုံး














လောကမှာတင်းတိမ်ရောင့်ရဲ တဲ့သူမရှိ......
တခုမဟုတ်...တခုလိုလားနေတတ်၏။