Monday, July 30, 2007

မမေ့ချင်ဘူး

သတိမရအောင်ဘယ်လို နေရမလဲ
လူတယောက် ကိုသတိရတယ်ဆိုတာ အလွန်ပင်ပန်းပါလားဆိုတာ
သိထားတာကြာခဲ့ ပင်မဲ့ သေသွားတဲ့ သူတယောက်ကိုဘယ်လိုဖြေသိမ့်
ပြီးမေ့ ရမယ်ဆိုတာ ကျမ ဘယ်သူ့ကိုမှမမေးချင်ဘူး....သူ့ကိုမမေ့ပဲနေရတာ
သူ့ကိုကျမစိတ်ထဲ မှာထားရတာကိုပဲ ကျေနပ်နေမိတယ်

တရား မရှိဘူးတဲ့လား

သူမရှိတဲ့ နောက်မှာ ကျမဘာ ကိုမှ စိတ်မ၀င်စားပဲ တနေကုန်မှိုင်တွေနေမိတယ်..
သူမရှိတော့ ဘူးဆိုတာ ကို ကျမ ယုံကြည်လို့ မရနိုင်ဘူး....ကျမကိုနောက်နေတယ်
လို့ ပဲထင်မိတယ်.......ခုချိန်ထိလဲ အိမ်မက်ဖြစ်ပါစေလို့ ဆုတောင်းမိတယ်.............
ဒါပေမဲ့ ကျမဆုတောင်းကိုကြားတဲ့သူတိုင်း ကျမကို ရှုံ့ ချကြတယ်....သူတို့ကိုတော့
အပြစ်မယူပါဘူး....မကြုံဘူးသေးဘူးကို.......ဒါပေမဲ့ မေမေ ပြောတဲ့ စကားတွေကတော့
ကျမ တကယ် စိတ်ညစ်မိတယ်.....မေမေက.....အစားထိုးမရတဲ့ မိဘ မှမဟုတ်တာတဲ့၊
တရားမရှိဘူးတဲ့......သြော်...မေမေ တကယ်ပြောရက်တယ်...ကျမအတွက်တော့သူက
အစားထိုးမရသူ တယောက်ပါ....သည်းခံစိတ် နဲ့ ကျမကို လိုလေစိတ်မရှိထားခဲ့တယ်
နောက်ဆုံးတော့ လည်းသူ့ကို ရှာလို့ မရတဲ့ နေရာကိုထွက်သွားခဲ့တယ်................

Friday, July 27, 2007

အတွင်းရန်သူ

တရားခွေတွေနားထောင်ပြီးအသိတွေတိုးလာပြီးအရင်လောက်ကျမ
မဆိုးတော့ဘူးလို့ ပြောလို့ရလာပြီပေါ့.....တနေကုန်မျက်စိနှစ်လုံးပွင့်
တာနဲ့ တရားခွေဖွင့်ပြီးတရားနာခဲ့တယ်...အိမ်မှာရှိတဲ့တရားခွေ 50ကျော်
အကုန်နားထောင်ပြီးသွားပြီ....

တနေ့ ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်)
ဟောတဲ့တရားတော်ထဲမှာ....ရာတော်က မနာလိုခြင်း နဲ့ ၀န်တိုခြင်းရှိတဲ့
သူတွေဟာ အပါယ်ကျတတ်ပုံ၊ အင်မတန်ရွံစရာကောင်းတဲ့ မစင်တွင်းထဲမှာ
နေရပုံကို နာလိုက်ရတော့ အရမ်းကိုကြောက်စရာကောင်းပါလားဆိုပြီးအံ့သြမိတယ်...
အဲလို
မနာလိုခြင်း နဲ့ ၀န်တိုခြင်းစိတ်ရှိတဲ့သူတွေက မိမိစိတ်ထဲ မှာအတွင်းရန်သူကိန်းအောင်း
နေသူပဲတဲ့.....လူအများကြား ၊အဖွဲ့အစည်းကြား အလုပ်ခွင်တွေကြား မှာဖြစ်တတ်တာကိုဆရာတော်
ဘုရားကသေခြာဟောပြထားတယ်.....ကြက်၊ဘဲ မွေးထားတာမှ စားရသေးတယ် တဲ့၊ မနာလိုခြင်းနဲ့
ဝန်တိုခြင်းကို မိမိစိတ်ထဲမှာမွေးထားတဲ့သူကတော့ ဘာအကျိုးအမြတ်မှမရ အပါယ်တာလားတတ်တယ်
တဲ့......အော်ကျမစိတ်ထဲမှာတော့ မသိတဲ့သူတွေမှားကြတော့မှာပဲဆိုပြီးစိုးရိမ်မိပါသေးတယ်............


တရားကပေးတဲ့ အသိ-၁

တနေ့ သူငယ်ချင်းတယောက်ရဲ့ အိမ်ကိုသွားတော့ သူငယ်ချင်းက
နင်စိတ်ညစ်နေရင်တရားခွေနားထောင်ပါလားဆိုပြီး တရားခွေတွေ
အများကြီးပေးလိုက်တယ်..အဲဒီမှာတရားခွေနား
ထောင်ရင်း အသိတွေတခုပြီး တခု ထပ် ထပ်
ရလာခဲ့တယ်....တရားဆို၇င်ဝေလာဝေးနေခဲ့တဲ့ကျမ
အခုတော့ သူ့ကိုသတိရ ချိန်တိုင်းတရားနဲ့ ဖြေနေခဲ့ ရပြီ..ဒါတွေကို သာ သူသိနိုင်မယ်
ဆိုရင် လိမ္မာနေတဲ့ ကျမ ကို သူကျေနပ်နိုင်မယ်ထင်တယ်လေ........

သေခြင်းတရား နဲ့ သံဝေဂ တရား

သူ နဲ့ ကျမ တယောက်ကို တယောက် အမြဲ နားလည်းပြီး
ပျော်ရွှင်စွာနေ ခဲ့ကြပြီး လောက ကြီးကို မေ့နေခဲ့ တယ်...အဲဒီအချိန်မှာ
သေခြင်းတရား က ကျွန်မတို့ နှစ်ယောက်ကိုခွဲ ခဲ့တယ်...
ကျမတို့ နှစ်ယောက် ကို ခွဲနိုင်တာလဲ သေခြင်းတရား ကလွဲ ပြီး ဘာမှမရှိနိုင်ဘူးလေ..
ဒါပေမဲ့ ကျမရဲ့ စိတ်ကတော့ သူနဲ့ အတူပါ သွားခဲ ပြီလေ...

ကျမ သူ့ကိုသတိရတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင် ဘဲတနေကုန်စိတ်ဆင်းရဲ နေခဲ့တယ်
နောက်ဆုံးတော့ ကျမစိတ်ထဲ မှာ တ၇ား နဲ့ ဖြေ တွေးခဲ့ တယ်...အော် ငါတို့ ဘယ်လောက်
ချစ်ခဲ့ ချစ်ခဲ့ နောက်ဆုံးတော့ လဲ ခွဲရတာပဲ လို့.....ဆရာတော်အရှင်ဆန္ဒာဓိက ဆုံးမခဲ့ဘူးသလို
ပဲ အတွဲဆိုတာ အခွဲရဲ့လမ်းစပဲဆိုတာ တကယ်ကြုံလိုက်တဲ့အခါ သိလိုက်ရတယ်........


ဝမ်းနည်းခြင်းမှတ်တမ်း (သို့) 7.7.2007

လူတိုင်း လူတိုင်းမှာ စိတ်ညစ်စရာ ၀မ်းနည်းစရာတွေရှိကြတယ်.....

ကျမ ဘ၀ မှာလည်းငယ်ငယ်ကတည်းက မိဘ တွေရဲ့ အရိပ်အောက် မှာ
စိတ်ချမ်းသာစွာနေခဲ့ ရတယ်....ဒါပေမယ်. ကျမဘ၀ရဲ့ ၀မ်းနည်းစရာအကောင်းဆုံး
အချိန်ကို ရောက်ခဲ့ ရပြီ.......7.7.2007 နေ့မှာအချစ်ဆုံးသူ တယောက်လူ့လောကကြီးထဲ
ကနေ ထွက်ခွာသွားပြီဆိုတဲ့ မထင်မှတ်တဲ့ သတင်းကြောင့် ကျမ အဲဒီသတင်းကို
ကြားကြားချင်းအ ရုပ်ကျိုးပြတ် မတတ် ခံစားခဲ့ရတယ်.......သူက ကျမကို ပြန်လာမယ်
ပြောခဲ့ ပင်မဲ့ ဘယ်တော့ မှသူ့ကို မတွေ့ နိုင်တော့ တဲ့နေရာကို နှုတ်မဆက်ပဲ ထွက်သွားခဲ့ ပြီ။

Tuesday, June 26, 2007

ကာတွန်းများ မှ ပေးတဲ့အသိ/အပြုံး














လောကမှာတင်းတိမ်ရောင့်ရဲ တဲ့သူမရှိ......
တခုမဟုတ်...တခုလိုလားနေတတ်၏။

Saturday, June 23, 2007

ရေတံခွန်တောင်၂

ရေတံခွန်တောင်ကိုသွားချင်တဲ့ မန္တလေးကသူငယ်ချင်းတွေကို
ဒီ blog ကနေပြောရဦးမယ်...ရေတံခွန်တောင်သွားရင် ချွေးသုတ်ဖို့
တဘက်နဲ့ ၊ အမောပြေ နားထောင်ဖို့ mp3 လေးတော့ယူသွားကြပါလို့..........















မောတယ် ပန်းတယ် စိတ်မှာမထားပဲ ဓာတ်ပုံရိုက်ခံရမှာမို့
ပြုံးနေတဲ့ သူငယ်ချင်းနှစ်ယောက်


ဒီနေရာကတော့ တောင်တက်လမ်းရဲ့ တော်တော်မြင့်မြင့်
တက်ရတဲ့နေရာတခုပေါ့ တက်လမ်းတွေက ခဏတက်လိုက်
မြေပြန့်ရောက်လိုက် ၊
ခဏတက်လိုက် မြေပြန့်ရောက်လိုက် နဲ့
ူဒီနေရာကတော့ တော်တော်နဲ့ ကိုမြေပြန့် ကိုမရောက်နိုင်ဘူး
အတက်လမ်းလည်းရှည်တယ်......ဒီနေရာရဲ့ရှုခင်းကတော့တော်တော်လှတယ်
















အိုင်တင် ထုတ်နေတဲ့ သူငယ်ချင်းနှစ်ယောက်

ရေတံခွန်တောင်သွားတဲ့ လမ်းတလျှောက်မှာ နားနေ စရာနေရာ
မရှိဘူး....ရေတံခွန်ငယ်လေးတွေတော့ ရှိတယ်...
တော်တော်သွားလို့ သုံးချိုး နှစ်ချိုးလောက်ရောက်မှ
နားနေဆောင်တဲ အိမ်လေးကိုတွေ့တယ်.....သူတို့ကလည်းဆိုင်
သတ်သတ်ဖွင့် ထားတာမဟုတ်ပဲ အိမ်နဲ့ တွဲနေတယ်.....
အစားအသောက်ကသိပ်တော့ မစုံပင်မဲ့ ရှိသင့်သလောက်တော့ရှိရှာတယ်
ဈေးဝယ်တာလဲ တောင်အောက်ကိုဆင်းဝယ်တယ်တဲ့
ရေတံခွန်တောင်ကို အလည်လာတဲ့ သူတောင် တော်ရုံတန်ရုံတက်ရတာ
မဟုတ်ဘူးတော်တော်မောတာ......သူတို့ ကတော့ တောင်ပေါ်နဲ့တောင်အောက်ကို
ကူးချည်သန်းချည်လုပ်နေကြတယ်.....ဒါကြောင့် .. practice makes perfect ဆိုတာ
တော်တော်မှန်တယ်နော်....ထင်းတွေကိုလဲ တောင်ပေါ်ကနေတောင်အောက်ကို
သယ်ပြီးရောင်းကြတယ်........















ရေတံခွန်တောင်ပေါ်က ဟင်္သာဂူထဲ မှာအမှတ်တရ

ဒီနေရာက ရေတံခွန်တောင်ပေါ်က ဟင်္သာဂူထဲ ကိုဝင်တဲ့
အ၀င်ဝ နေရာလေးပါ။တောင်ပေါ်မှာ မှနောက်ထပ်ဂူရှိသေးတာ
တော်တော်ထူးဆန်းတယ်...အဲဒီဂူကတော်တော်ကလေးနက်တယ်
အဲဒီဂူထဲ မှာပဲ နောက်ထပ် လူတကိုယ်စာပဲဂူငယ်လေးရှိသေးတယ်
ကိုယ်ပိုင်ဓာတ်မီးလေးနဲ့ ၀င်ရတယ်...အဲဒီဂူထဲ မှာဘုရားလေးတွေ
ရှိတယ်လို့ ၀င်ကြည့် တဲ့သူငယ်ချင်းနှစ်ယောက်ကပြောတယ်....
ကိုယ်တိုင်တော့ ၀င်မကြည့် ခဲ့ပါဘူး....မှောင်တာကို ကြောက်လို့လေ....

ရေတံခွန်တောင်မှ ဟင်္သာဂူ















ရေတံခွန်တောင် တောင်တက်လမ်း

ရေတံခွန်တောင် ဆိုတာ မန္တလေးကလူငယ်တော်တော်များများ
သိကြတယ်........ရေတံခွန်တောင်မှာ ဟင်္သာဂူဆိုတာရှိတယ်
ရေတံခွန်တောင် ကိုတက်တဲ့ လမ်းတလျှောက် အရမ်းကိုသာယာတယ်.....
ရေတံခွန်တောင် ဆိုတဲ့အတိုင်းပဲ လမ်းတလျှောက်မှာ ရေတံခွန်ငယ်လေးတွေ
အများကြီးရှိတယ်............တောလမ်းကနေ တက်ရတာဆိုတော့ လူငယ်တွေ
အကြိုက်ပေါ့..................

Thursday, June 7, 2007

Poor Animals From Yadanapone Zoo















နို့ဘူးစို့တဲ့လသားအရွယ်ဆင်လိမ္မာလေး

ငယ်သေးလို ကြံ မကျွေးရသေးပဲ ငှက်ပျောသီးပဲစားနိုင်သေးတယ်......
















ချစ်စရာလည်းကောင်း၊ ပျင်းလည်းပျင်းတဲ့ ၀က်ဝံလေးများ

ဝက်ဝံလေးတွေစုစုပေါင်း ငါးကောင်လောက်ရှိမယ်ထင်တယ်....
အားလုံးက ၀တုတ်ကလေးတွေ...အရမ်းချစ်ဖို့ကောင်းပြီးသနားဖို့လည်းကောင်းတယ်...
ကျွမ်းထိုးတာလည်း ခဏခဏပဲ.....သူတို့ကငှက်ပျောသီးစားတယ်....
ငှက်ပျောသီးကလည်းအရမ်းဈေးကြီးတယ်။သုံးလုံးလောက်ပဲပါတဲ့တခြင်းကို
၅၀၀ တဲ့။သူတိုမှာမ၀ကြရှာဘူး.......
ဝက်ဝံလေးတွေက ငှက်ပျောသီး ကိုမတ်တပ်ရပ်ပြီးယူရရှာတာ....
လက်နှစ်ဖက်နဲ့လူလေးဆုယူနေ တာကြနေတာပဲ။
သံတိုင်တွေကလူတွေရပ်ကြည့်တဲ့နေရာနဲ့
ဝေးနေလို့
ငှက်ပျောသီးကိုဒုတ်နဲ့ ထိုးပြီးကျွေးရတယ်.....




















အစာမျှော်နေတဲ့ဝက်ဝံလေး

Wednesday, May 30, 2007

ကားစီးရမွာလား?.......သေဘာၤလား?















မန်းမြို့ရဲ့မိုးကြောင့်သဘောင်္ပဲပြောင်းစီးရတော့မလားလို့

စဉ်းစားနေမိတယ်…

မိုးဆက်တိုက်ရွာတော့လမ်းတွေပျက်ပြီးချိုင့်တွေဖြစ်..

မိုးကထပ်ရွာတော့ချိုင့်တွေထဲရေထပ်ဝင်နဲ့သံသရာလည်နေတော့တာပဲ..

အိမ်ရှေ့ကလမ်းကလည်းချိုင့်တွေနဲ့ဆိုတော့ဘာပြောကောင်းမလဲ…လမ်းမမှာရေတွေပဲမြင်ရ

တော့တယ်…



Tuesday, May 29, 2007

အတွဲ ပေါများရာဒေသ သို့အလည်တခေါက်(သို့)ကုသိုလ်တော်ဘုရား

ကုသိုလ်တော်ဘုရားရဲ့ထူးခြားချက်ကကျောက်စာတွေနဲ့

ခရေပင်တွေများပြားခြင်းပဲ…..









ကျောက်စာများထားရာပုထိုးငယ်လေးများ

ကုသိုလ်တော်ဘုရားကိုမန်းမြို့သူ/သားတွေ

တော်တော်များများရောက်ဖူးကြမယ်ထင်ပါတယ်..

အထူးသဖြင့်အတွဲတွေပေါ့နော်..ကုသိုလ်တော်ဘုရားက

အတွဲချိန်းလို့/ချောင်းလိုချိန်းလို့

ကောင်းတယ်တဲ့..သူများတွေပြောတာနော်…

ကိုယ်တွေ့တော့မဟုတ်ဘူး..

ခရေပင်တွေလဲအများကြီးပဲ…..အရမ်းမိုက်တယ်…..

ခုလိုအချိန်ဆို ခရေပန်းတွေကြွေနေပြီ…..

ခရေပန်းကြွေချိန်ဆို…ကုသိုလ်တော်ဘုရားက..ခရေပန်းအတင်းရောင်းပြီး

ဆီးကြိုတော့တာပဲ….

တို့ကတော့မ၀ယ်ပါဘူးကိုယ့်ဘာကိုယ်ကောက်သီပြီး

ဘုရားကိုလှူရတာပိုပြီးကြိုက်တယ်….

ခရေပင်တွေကဘုရားရဲ့ပတ်လည်မှာဝိုင်းရံထားတယ်..

ညနေဘက်ဆိုခရေပန်းတွေပိုကြွေတယ်…….

မရောက်ဘူးသေးတဲ့သူတွေကိုလက်တို့ပြီးပြောရဦးမယ်…

သွားဖြစ်အောင်သွားနော်….

အတွဲချောင်းတဲ့သူတွေထဲ့မှာတခါတရံ

ကိုယ်ရင်တွေတောင်ပါသေးတယ်တဲ့……သတင်း..သတင်း















ကျောက်စာများနှင့်ခရေပင်ကြီး










ဘယ်သူ့ကိုပေးဖို့ဒီလောက်များကြိုးစားပန်းစားခူးနေတာပါလိမ့်



Wednesday, May 23, 2007

ရွာပြန်ပြီတခါ

ရေကြောက်တဲ့မန်းသူ မန်းသားတွေကို မိုးကစိန်ခေါ်နေသလိုပဲ

ရွာပြီးရင်းရွာဖြစ်နေတယ်…..

မန်းသူ မန်းသားများကလည်းနေပူရင်သာ မကြောက်ပဲ လသာသလိုလမ်း ပေါ်လျှောက်သွားနေတာ။

မိုးရွာတော့ ကြက်ပျောက် ငှက်ပျောက်ပဲ…….ဟော…..

မိုးတိတ်ပြန်တော့လဲ ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိ လမ်းပေါ်မှာ ဆိုင်ကယ်တွေ

တစီစီနဲ့………မန်းမြို့ရဲ့ဓလေ့ပဲကိုး

ရောက်ခဲ့တယ်....















ကုသိုလ်တော်ဘုရားက နှစ်ပေါင်း ၂၅၀ သက်တမ်းရှိခရေပင်ကြီး

















မင်းကွန်းပုထိုးတော်ကြီးရဲ့မြင်ကွင်း.......














ဧရာဝတီမြစ်ကြောင်းတလျှောက်သဘောင်္စီးရင်းတွေ့လိုက်ရတဲ့မင်းကွန်းပုထိုးတော်ကြီးရဲ့
ရှုခင်းကအရမ်းကိုသာယာတယ်...
Blog ပေါ်ကိုတင်လိုက်ရရင်ကောင်းမှာပဲဆိုပြီး
ဓာတ်ပုံကိုအမိအရ ရိုက်ယူခဲ့ရတယ်..........
စိတ်ထဲမှာတော့သဘောင်္တစီးသာအပိုင်ရှိရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်..
ဒါမှသဘောင်္စီးရင်းတွေ့သမျှရှုခင်းတွေကိုခဏလောက်ရပ်ပြီးဒီထက်မက
ရိုက်ယူနိုင်မယ်လို့တွေးမိတယ်။
ဧရာဝတီဲမြစ်ကြောင်းတလျှောက်လဲကိုယ်ကြိုက်သလောက်
လျှောက်လည်လို့ရမယ်လေ.........













သဘောင်္ပေါ်ကလှမ်းမြင်ရတဲ့ ဘုန်ကြီးကျောင်းလို့ထင်ရတဲ့မြင်ကွင်းတခု.......
















ဧရာဝတီမြစ်ကြောင်းတလျှောက်မြင်ရတဲ့တဲကလေးများ.......
















စက်လှေလေးများ.................