Friday, July 27, 2007

သေခြင်းတရား နဲ့ သံဝေဂ တရား

သူ နဲ့ ကျမ တယောက်ကို တယောက် အမြဲ နားလည်းပြီး
ပျော်ရွှင်စွာနေ ခဲ့ကြပြီး လောက ကြီးကို မေ့နေခဲ့ တယ်...အဲဒီအချိန်မှာ
သေခြင်းတရား က ကျွန်မတို့ နှစ်ယောက်ကိုခွဲ ခဲ့တယ်...
ကျမတို့ နှစ်ယောက် ကို ခွဲနိုင်တာလဲ သေခြင်းတရား ကလွဲ ပြီး ဘာမှမရှိနိုင်ဘူးလေ..
ဒါပေမဲ့ ကျမရဲ့ စိတ်ကတော့ သူနဲ့ အတူပါ သွားခဲ ပြီလေ...

ကျမ သူ့ကိုသတိရတဲ့ စိတ်နဲ့ မစားနိုင် မသောက်နိုင် ဘဲတနေကုန်စိတ်ဆင်းရဲ နေခဲ့တယ်
နောက်ဆုံးတော့ ကျမစိတ်ထဲ မှာ တ၇ား နဲ့ ဖြေ တွေးခဲ့ တယ်...အော် ငါတို့ ဘယ်လောက်
ချစ်ခဲ့ ချစ်ခဲ့ နောက်ဆုံးတော့ လဲ ခွဲရတာပဲ လို့.....ဆရာတော်အရှင်ဆန္ဒာဓိက ဆုံးမခဲ့ဘူးသလို
ပဲ အတွဲဆိုတာ အခွဲရဲ့လမ်းစပဲဆိုတာ တကယ်ကြုံလိုက်တဲ့အခါ သိလိုက်ရတယ်........


No comments: