Friday, July 27, 2007

အတွင်းရန်သူ

တရားခွေတွေနားထောင်ပြီးအသိတွေတိုးလာပြီးအရင်လောက်ကျမ
မဆိုးတော့ဘူးလို့ ပြောလို့ရလာပြီပေါ့.....တနေကုန်မျက်စိနှစ်လုံးပွင့်
တာနဲ့ တရားခွေဖွင့်ပြီးတရားနာခဲ့တယ်...အိမ်မှာရှိတဲ့တရားခွေ 50ကျော်
အကုန်နားထောင်ပြီးသွားပြီ....

တနေ့ ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်)
ဟောတဲ့တရားတော်ထဲမှာ....ရာတော်က မနာလိုခြင်း နဲ့ ၀န်တိုခြင်းရှိတဲ့
သူတွေဟာ အပါယ်ကျတတ်ပုံ၊ အင်မတန်ရွံစရာကောင်းတဲ့ မစင်တွင်းထဲမှာ
နေရပုံကို နာလိုက်ရတော့ အရမ်းကိုကြောက်စရာကောင်းပါလားဆိုပြီးအံ့သြမိတယ်...
အဲလို
မနာလိုခြင်း နဲ့ ၀န်တိုခြင်းစိတ်ရှိတဲ့သူတွေက မိမိစိတ်ထဲ မှာအတွင်းရန်သူကိန်းအောင်း
နေသူပဲတဲ့.....လူအများကြား ၊အဖွဲ့အစည်းကြား အလုပ်ခွင်တွေကြား မှာဖြစ်တတ်တာကိုဆရာတော်
ဘုရားကသေခြာဟောပြထားတယ်.....ကြက်၊ဘဲ မွေးထားတာမှ စားရသေးတယ် တဲ့၊ မနာလိုခြင်းနဲ့
ဝန်တိုခြင်းကို မိမိစိတ်ထဲမှာမွေးထားတဲ့သူကတော့ ဘာအကျိုးအမြတ်မှမရ အပါယ်တာလားတတ်တယ်
တဲ့......အော်ကျမစိတ်ထဲမှာတော့ မသိတဲ့သူတွေမှားကြတော့မှာပဲဆိုပြီးစိုးရိမ်မိပါသေးတယ်............


No comments: